Meeting Minutes 02/19

မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း (MAChE)

အလုပ်အမှုဆောင်ဗဟိုကော်မတီအစည်းအဝေး( ၀၂ /၂ /၂၀၁၉ )

နေ့ရက်၂/၂/၂၀၁၉
အချိန်၁၀း၀၀ နာရီ
နေရာ၁/၂-၁၂ ChE Dept ,YTU
တတ်ရောက်သူဦးရေ၂၀ ဦး

အစည်းအဝေးဆွေးနွေးချက်များ နှင့်ဆုံးဖြတ်ချက်များ

စဉ် အကြောင်းအရာ
၁Honorary Member ရွေးချယ်ရေးအတွက်အောက်ပါလိုအပ်ချက်များဖြည့်စွက်ဆွေးနွေးကြပါသည်။
(၁) Chemical Engineering ဘာသာရပ်ဆိုင်ရာအခန်းကဏ္ဍတွင်ထူးချွန်လေးစားထိုက်သောပုဂ္ဂိုလ်ဖြစ်ရမည်။
(၂)Chemical Engineering ကျောင်းသား၊ကျောင်းသူများကို ပညာရပ်ဆိုင်ရာများဝေဌခြင်း၊ ကူညီပ့ံပိုးပေးခြင်းပြုသူဖြစ်ရ မည်။ (၃)Chemical Engineering ဘာသာရပ်နှင့် ဌာနဖွံ့ြ့ဖိုးရေးကို စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးသူဖြစ်ရမည်။
အထက်ပါအချက်များနှင့်ကိုက်ညီသော အောက်ဖော်ပြပါဆရာကြီး၊ ဆရာမကြီးများကို ပထမအဆင့်ရွေးချယ် အတည်ပြုကြပါသည်။
1. U Khin Aung Kyi
2. Dr. Maung Maung Win
3. Dr. Daw Tin Myint
4. U Maung Muang
5. U Myat Thwin
6. U Htun Aung Kyaw
7. U Taing Ok
8. Daw Khin Swe Aye
9. Daw Tin May Soe
10. U Ye Myint
11. Daw Tin Tin Myint
12. Daw Aye Aye Kyaw
13. U Aung Myaing
14. U Tin Lin
15. Dr. Daw Mya Mya Oo
၂TUများရှိ ဓာတုအင်ဂျင်နီယာဌာနများတွင် လိုအပ်သော Infrastructure (equipment, instruments, furniture and maintenance) များပံ့ပိုးရာတွင် နိုင်ငံတော်ပိုင်းမှထောက်ပံ့ ပေးလေ့မရှိသော အပိုင်းကိုသာ ဦးစားပေးပ့ံပိုးပေးရန် နှင့် ဓာတုအင်ဂျင်နီယာဌာနများတွင် အထူးလိုအပ်သည့် ပံ့ပိုးမှုများအတွက် သီးခြားဆွေးနွေးဆုံးဖြတ်ရန်အတည်ပြုပါသည်။
၃အသင်းဝင်စည်းရုံးရေးနှင့် နှစ်ပတ်လည်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် CEC များမှ TU များသို. သွားရောက်၍ ရှင်းလင်းစည်းရုံးရေးနှင့် MAChE Quiz Competition and Networking (2019) ပြပွဲပြိုင်ပွဲ ကျင်းပရေးဆုံးဖြတ်သည်။
၄TU ကျောင်းများအားလုံးရှိ ဓာတုအင်ဂျင်နီယာ ကျောင်းသား၊ကျောင်းသူ အချင်းချင်းရင်းနှီးကျွမ်းဝင်မှု၊ အသိပညာဆွေးနွေးဖလှယ်နိုင်ရေး နှင့် မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း၏လုပ်ဆောင်နေမှုများ သိရှိပါဝင်စေ နိုင်ရေးတို့အတွက်ရည်ရွယ်၍ MAChE Quiz Competition and Networking (2019) ပြပွဲပြိုင်ပွဲကိုFeb -23 -2019 ရက်နေ့ တွင်YTU၌ကျင်းပမည်။
 ၅မြန်မာဓာတုအင်ဂျင်နီယာအခန်း ကဏ္ဍတိုးမြှင့်ရေးခေါင်းစဉ်ဖြင့် ဟောပြောပြိုင်ပ၊ွဲနှုင့်မြန်မာဓာတုအင်ဂျင်နီယာ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အမေးအဖြေ(Quiz) ပြိုင်ပွဲတို့ကို ကျင်းပပြီးဆုပေးမည်။ နယ်ကျောင်းများကိုလည်းဖိတ်ကြားမည်။ နယ်ကျောင်းများအတွက်ငွေကြေးပံ့ပိုးပေးမည်။  စျေးရောင်းပွဲတော်များ၊ Game ကစားပွဲများ၊ ပျော်ပွဲရွှင်ပွဲများ တွဲဖက်၍ နံနက်(၁ဝးဝ၀)နာရီမှ နေ့လည် (၃းဝ၀)နာရီ အထိကျင်းပမည်။
၆အသင်းဝင်ကြေး၊အလှူငွေထည့်ဝင်ခြင်းစသည့်ကိစ္စရပ်များအတွက် လွယ်ကူစွာBank transfer ပြုလုပ်နိုင်ရန်အတွက် AYA,KBZ bank Account များထပ်ဖွင့်ရန်။
၇MAChE Website ဆောင်ရွက်နေမှုအခြေအနေများကို Power Point ဖြင့်ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ ပြင်ဆင်ဖြည့်စွက်အကြံပြုဆွေးနွေးအတည်ပြုကြပါသည်။